SAP Analytics Cloud Solution ဆိုတာ Business Intelligence, ကြိုတင်ခန့်မှန်းထားသောတွက်ချက်ထားသော Analytics တွေ Plan နိုင်သည့်စွမ်းရည် အစရှိတာကို ပူးပေါင်းပြီးလုပ်ငန်းတွေအတွကာ ရိုးရှင်းလွယ်ကူပြီးသုံးရအဆင်ပြေအောင်ဖန်တီးပေးထားတဲ့ Cloud Solution တစ်ခုဖြစ်ပါတယ်။ SAP Analytic Cloud ကိုအသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုလုံး လွယ်ကူစွာစီမံခန့်ခွဲနိုင်ပြီး ယခုထက်ပိုမိုအဆင့်မြင့်သော စီးပွားရေးလုပ်ငန်းဖြစ်လာအောင် ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ့်စီးပွားရေးရဲ့ Insights တွေကနေတစ်ဆင့် ဒေတာတွေကို အလွယ်တကူကြည့်ရှုနိုင်ပြီးတော့ ယုံကြည်ချက်ရှိစွာနဲ့ ဆုံးဖြတ်ချက်တွေကို အလွယ်တကူချမှတ်နိုင်မှာပဲဖြစ်ပါတယ်။ SAP Analytic Cloud ကိုသုံးခြင်းအားဖြင့် တစ်ထိုင်တည်းမှာပဲ ဒေတာတွေကိုစီစစ်ပြီး တစ်ခါတည်းစီမံခန့်ခွဲကာ ဆုံးဖြတ်ချက်ကို မြန်မြန်ချနိုင်ပါတယ်။ အဲဒီအပြင်ဒေတာတွေကိုကြည့်ပြီးတော့ ကိုယ့်စီးပွားရေးလိုအပ်ချက်တွေကိုပါ သိရှိစေပြီး ရှေ့လျှောက်လုပ်ငန်းအတွက်လိုအပ်တဲ့ Strategic ကျတဲ့ စီမံချက်ကိုချမှတ်နိုင်လို့ လုပ်ငန်းပိုမိုတိုးတက်စေပါတယ်။လုပ်ငန်းကဘယ်လောက်ကြီးကြီး လုပ်ငန်းတစ်ခုလုံးမှာလည်ပတ်နေတဲ့စာရင်းဇယား ဒေတာတွေကို ကွန်ပြူတာမှာ […]