နည်းပညာတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းတစ်ခုလည်ပတ်ရာတွင် ဒေတာသတင်းအချက်အလက်များသည်အရေးပါသော အခန်းကဏ္ဌတွင်ပါလာပါတယ်။ ဒေတာအချက်အလက်များကိုအသုံးပြုပြီး Analysis ကောင်းကောင်းလုပ်မှသာလျှင် လုပ်ငန်း operation ပိုင်းကို အဆင့်မြှင့်တင်နိုင်မည့်အပြင် Customer များကိုပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်သည်။

ဒီလို လုပ်ငန်းတစ်ခုအတွက် အရေးပါတဲ့ ဒေတာအချက်အလက်တွေကိုထိန်းသိမ်းပေးနိုင်ပြီး လိုအပ်တဲ့ Analysis များကိုပါလုပ်ဆောင်ပေးနိုင်တဲ့ Solution ကတော့ SAP Analytics Cloud ပဲဖြစ်ပါတယ်။

SAP Analytics Cloud ဟာ BI လို့ခေါ်ကြတဲ့ Business Intelligence အပြင် လုပ်ငန်းများအတွက်လိုအပ်တဲ့ Planning ပိုင်း၊ Predictive ပိုင်းနဲ့ Analysis ပိုင်းဆိုင်ရာ စွမ်းရည်များဖြင့် ဖွဲ့စည်းထားတဲ့ Cloud တစ်ခုဖြစ်ပါတယ်။ AI နည်းပညာများနှင့် In-memory Database များကို အသုံးပြုထားသောကြောင့် SAP Analytics Cloud ဟာ အဆင့်မြင့်ဆုံး Analytics Solution တစ်ခုဖြစ်ပါတယ်။

ဘာကြောင့် SAP Analytics Cloud ကိုအသုံးပြုသင့်တာလဲ?
SAP Analytics Cloud ကိုအသုံးပြုခြင်းဖြင့် လုပ်ငန်းတစ်ခုလုံးရဲ့ Financial Planning ကနေ HR နဲ့ Operation ပိုင်းပါမကျန် Sales and Marketing အထိ လိုအပ်သော Decision များချမှတ်ရာတွင် အထောက်အကူဖြစ်စေပါတယ်။ အဓိကအားဖြင့်

1. Centralized Intelligence: ဒေတာသတင်းအချက်အလက်များကို တစ်နေရာထဲတွင် စုစည်းပေးထားတဲ့အတွက် လူကြီးမင်းတို့လုပ်ငန်းရဲ့ KPI များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ခြင်း
2. Automatic Insights: Insight Data များကို အလိုအလျောက်ရယူနိုင်တဲ့အတွက် အရေးကြီးသော Decision များချမှတ်ရာတွင် အထောက်အကူပြုခြင်း
3. Integrated Planning: Software တစ်ခုတည်းဖြင့် BI (Business Intelligence) နဲ့ Business Planning အပြင် end-to-end workflow အထိပါ အသုံးချနိုင်ခြင်း
4. Interactive Results: လူကြီးမင်းတို့ ရုံးခန်းထဲထိုင်ရာမှ မထဘဲ တထိုင်တည်းဖြင့် လုပ်ငန်းရဲ့ ဌာနပေါင်းစုံ ရှုထောင်ပေါင်းစုံ ဘက်ပေါင်းစုံကို အပေါ်စီးမှကြည့်ရှုနိုင်ကာ ဆုံးဖြတ်ချက်ချနိုင်ခြင်း အစရှိတဲ့ အချက်များကြောင့် SAP Analytics Cloud ကိုတွေဝေမနေဘဲ ရွေးချယ်သင့်ပါတယ်။
ဒီလို ဘယ်လိုလုပ်ငန်းမျိုးဘဲဖြစ်ဖြစ် ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ဝယ်ယူအသုံးပြုသင့်တဲ့ ACE Solution ဖြစ်တဲ့ SAP Analytics Cloud ကို အသုံးပြုချင်ရင်တော့ ကျွန်တော့တို့ it4a ကိုဆက်သွယ်လိုက်ပါ။

𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
📩Email – contact@it4a.io
☎️Phone Number – 09-259179660
📍Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

#it4a#ERP#SAP#Data&AI