၂၀၁၉ အောက်တိုဘာ ၂၅ ရက်တွင် ညနေ ၃ နာရီ မှ ၆နာရီအထိ Meliá Hotel တွင် it4a (Information Technology For All) company မှ “MOVE FORWARD WITH SAP INTELLIGENT ENTERPRISE FOR YOUR FINANCE AND MANUFACTURING OPERATIONS” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအား ကျင်းပပြုလုပ်သွားခဲ့တာပဲဖြစ်ပါသည်။
စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့အစည်းများ အတွက် ရည်ရွယ်၍ it4a company နှင့် SAP company တို့ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။
ဤဆွေးနွေးပွဲတွင် ကုန်ထုတ်လုပ်ရေး လုပ်ငန်းစဉ်များ နှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များကို ကုန်ကျစရိတ်နဲနဲဖြင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် SAP solutions များကို မည်ကဲ့သို့ အသုံးပြုနိုင်သည်များကို အဓိကထား ဆွေးနွေးတင်ပြသွားခဲ့တာပဲဖြစ်ပါသည်။
အကျဉ်းချုပ်အားဖြင့်
INTELLIGENT ENTERPRISE တခုဖြစ်လာရန် တည်ဆောက်ပုံများကို ဆွေးနွေးတင်ပြခြင်း
ဘဏ္ဍာရေးလုပ်ငန်းစဉ်များကို SAP အသုံးပြုပြီး ထိရောက်မြန်ဆန်စွာ စီမံခန့်ခွဲနိုင်ခြင်း တို့ကို ဆွေးနွေးတင်ပြခြင်း
ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို SAP အသုံးပြုပြီး ပြီးပြည့်စုံသော PLAN များ ချမှတ်ခြင်း ၊ အခြား BUSINESS OPERATION များဖြင့် အချိတ်ဆက်မိမိပေါင်းစပ် အသုံးပြုခြင်း၊ PROCESS များကို ထိရောက်စွာစောင့်ကြည့်သုံးသပ်နိုင်ခြင်း စသည်တို့ကို ဆွေးနွေးတင်ပြခြင်း
SAP ANALYTICS ကို အသုံးပြုပြီး အဖွဲ့အစည်းအတွက်အရေးပါသော ဆုံးဖြတ်ချက်များကို မှန်ကန်မြန်ဆန်စွာ ချမှတ်နိုင်ခြင်း၊ ခန့်မှန်းသုံးသပ်ချက်များတွက်ချက်ပေးနိုင်ခြင်း DATA SOURCE မတူညီသည်မှ DATA များကို ပေါင်းစပ်အသုံးပြုနိုင်ခြင်း၊ PLAN များချမှတ်ခြင်း စသည်တို့ကို ဆွေးနွေးတင်ပြခြင်း
တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခြင်းတို့ကိုပြုလုပ်သွားခဲ့တာပဲဖြစ်ပါသည်။



