New Normal မှာ Customer တွေပိုပြီးအဆင်ပြေစေဖို့အတွက် Traditional Bank တွေကနေပြီးတော့ Intelligent Bank တွေအဖြစ်ပြောင်းလဲအောင် ဘာတွေလုပ်မလဲ?

ဘဏ်တွေက အဆင့်မြင့်နည်းပညာကို အသုံးချပြီး Customer တွေအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ ခေတ်ကြီးမှာ ဒီလို နည်းပညာတွေကို အသုံးမချဘူးဆိုရင် အပြိုင်အဆိုင်များတဲ့ နယ်ပယ်မှာ နောက်ကောက်ကျကျန်ခဲ့နိုင်ပါတယ်။ ဒီလိုမျိုးနောက်ကျမကျန်ရအောင် Traditional Bank တွေကနေတစ်ဆင့် Intelligent Bank တွေအဖြစ်စတင်ကူးပြောင်းသင့်နေပါပြီ။

ဒီလို Intelligent Bank တစ်ခုအဖြစ်ကူးပြောင်းဖို့ ဘာတွေကိုပြုပြင်ဖို့လိုမလဲ?

1. Customer Engagement

ဘဏ်တွေအနေနဲ့ Customer တွေ Channel မျိုးစုံ (Omnichannel) ကနေပြီး လွယ်ကူချောမွေ့စွာ ချိတ်ဆက် လုပ်ဆောင် ဆက်သွယ်လို့ရ အောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ User Experience ပိုကောင်းလာအောင် Marketing, Sales, Service, Loyalty Management, Sales Performance Management, Usage & Behaviour Analysis, Digital Commerce အစရှိသော Customer Facing အပိုင်းတွေကို (Digital Transformation) ဒီဂျီတယ်အသွင်ကူးပြောင်းလာ ဖို့လိုပါတယ် ။

2. Banking Operations

Banking Operations ပိုင်းမှာဆိုရင်လည်း အခုလက်ရှိသုံးနေတဲ့ Core Banking Operations ကို Automate လုပ်လို့ရတဲ့ထိ အဆင့်မြှင့်နိုင်ဖို့ လိုအပ်ပါတယ်။ Bank ရဲ့ အဓိက functions များဖြစ် တဲ့ Retail Deposit, Retail Landing, Commercial Lending, Payments, Cash & Liquidity အစရှိတာတွေ Automate ပြုလုပ်နိုင် ခြင်းဖြင့် မလိုအပ်သောအချိန်ကြန့်ကြာမှုများလျှော့ချနိုင်ပြီး Bank ရဲ့ လုပ်ဆောင်မှုများကိုလည်းအဆင့်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

3. Back Office
Bank ရဲ့ back office ပိုင်းမှာလည်း Talent, Payroll, External talent, Travel and Mobility အစရှိသည်များကို ဒီဂျီတယ်အသွင်ကူးပြောင်းမှု ပြုလုပ်ချင်းဖြင့် Total Workforce Engagement ကို Transform ပြုလုပ်နိုင်မှာ ပဲဖြစ်ပါတယ်။

အထက်ပါ Bank ၏ အရေးကြီးဆုံး Operations ဧရိယာ၃ခု အား Digital Transform ပြုလုပ်ပြီးသည့်နောက် Banking Operation Functions အားလုံးကို အပေါ်မှ ခြုံငုံပြီး ကြည့်ရှု၍ အချိန်
နှင့်တစ်ပြေးညီ business insights များကို သုံးသပ်ပြီး action ယူ နိုင်ရန် လည်း Transform ပြုလုပ် ဖို့လိုပါတယ်။

ဒီလို အဖက်ဖက်က စနစ်ကျပြီး တိုးတက်ကောင်းမွန်တဲ့ Intelligent Bank ဖြစ်အောင်ပြောင်းလဲတဲ့အခါမှာ လိုအပ်တဲ့ Technology Support Services တွေကို ကျွန်တော်တို့ it4a ကနေပြီး ကူညီပေးနေပါပြီ။
𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email – contact@it4a.io
Phone Number – 09-259179660
Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
#it4a#ERP#SAP#IntelligentBank