Human Capital Management (HCM) ဆိုတာ လုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းအင်အားစီမံခန့်ခွဲမှုဖြစ်ပါတယ်။ သူ့ကို SAP Human Resource Management System (SAP HRMS) ဒါမှမဟုတ် SAP Human Resource (HR) Software လို့လည်း လူသိများကြပါတယ်။ အဓိကအားဖြင့် လုပ်ငန်းတစ်ခုရဲ့ အလုပ်သမားအင်အားကို ထိန်းသိမ်းရန် ရည်ရွယ်တဲ့ Software ဖြစ်ပါတယ်။ ဝန်ထမ်းအုပ်ချုပ်မှုပိုင်းနဲ့ လုပ်ခလစာပေးတဲ့ Payroll ပိုင်းတွေမှာ HR ဌာနရဲ့ အကောင်းဆုံး မူဘောင် (ideal framework) တစ်ခု ဖြစ်ပါတယ်။

HCM နဲ့ပတ်သတ်ပြီး SAP မှာ SuccessFactors ဆိုတဲ့ Solution တစ်ခုရှိပါတယ်။ ဒီ SAP SuccessFactors ဟာဆိုရင် cloud-based solution တစ်ခုဖြစ်ပြီး ဝန်ဆောင်မှုတစ်ခုပုံစံ Software (Software as a Service (SaaS)) ပုံစံဖြစ်ပါတယ်။

Success Factors က HR ရဲ့အဓိကလုပ်ဆောင်ချက်တွေဖြစ်တဲ့ စီးပွားရေးဆိုင်ရာညှိနှိုင်းမှုတွေ၊ ဝန်ထမ်းများရဲ့ Performance နဲ့ Recruitment ပိုင်းတွေနဲ့ ပတ်သတ်သော solution များကိုပေးနိုင်တဲ့ SaaS တစ်ခုဖြစ်ပါတယ်။

2012 ခုနှစ်လောက်ကစပြီး SAP SuccessFactors သည် Human Experience Management (HXM) အဖြစ်စတင်လူသိများလာခဲ့ပါတယ်။

HXM ဆိုတာ ဘာလဲ❓

🔸Human Capital Management (HCM) ရဲ့ Next Generation ဖြစ်ပြီး Employee Experience ကိုအဓိက focus ထားပါတယ်။

🔸HXM suite သည် ၀န်ထမ်းများအားသူတို့၏တစ်ဦး ချင်းတန်ဖိုး (Individual Value) ကိုအသိအမှတ်ပြုပြီးစွမ်းဆောင်ရည်အမြင့်ဆုံးရရှိရန်စဉ်ဆက်မပြတ်တွန်းအားပေးပါတယ်။

🔸ဒါ့အပြင် HXM suite ကိုအသုံးပြုပြီး ဝန်ထမ်းသစ်ရှာဖွေနိုင်ပြီး ဝန်းထမ်းအင်အားကို စီမံခန့်ခွဲနိုင်ရုံသာမက ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်အတွင်းတွေ့ကြုံရသော အခက်အခဲများ feedback များကိုပါပြန်လည်သိရှိနိုင်ပါတယ်။

🔸Next Generation HR Solution တစ်ခုဖြစ်သော SAP SuccessFactors HXM Solutions တွင် ဝန်ထမ်းများရဲ့ Talent Management Solution များ၊ ဝန်ထမ်းအင်အား ခွဲခြမ်းစိတ်ဖြာခြင်း၊ စီမံကိန်းရေးဆွဲခြင်းများ ပါဝင်ပါတယ်။

🔸ဒါကြောင့် အရွယ်အစားအမျိုးမျိုးရှိသောစီးပွားရေးလုပ်ငန်းများသည် HR နည်းဗျူဟာများကို ပြောင်းလဲ၍ ချဲ့ထွင်ရန် SAP SuccessFactors HXM ကို စတင်အသုံးပြုနေကြပါပြီ။

လူကြီးမင်းတို့လုပ်ငန်းများတွင်လည်း HXM ကိုအသုံးပြုလိုပါက ကျွန်တော်တို့ it4a ကို အခုပဲဆက်သွယ်လိုက်ပါ။

𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
📩Email – info@it4a.io
☎️Phone Number – 09-259179660
📍Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

#it4a#ERP#SAP#HCM