ဒီတစ်ပတ်မှာတော့ Finance လုပ်ငန်းတွေမှာ မရှိမဖြစ် အသုံးပြုသင့်တဲ့ Software အကြောင်းလေးကို နားလည်လွယ်အောင် ရှင်းပြပေးချင်ပါတယ် ခင်ဗျ။

Finance Industry ထဲက Microfinance လုပ်ငန်းတွေအနေနဲ့ဆိုရင် Data အသစ်တွေကိုတချိန်လုံး ထည့်သွင်း၊ စစ်ဆေးရတဲ့အပြင် ထည့်သွင်းပြီးသား Data တွေကိုလည်း နှစ်ရှည်လများ ထိန်းသိမ်းပြီး အချိန်တိုင်းပြန်လည် အသုံးပြုနေရတဲ့အတွက် Data တွေကို အမှားအယွင်းမရှိ input/output လုပ်နိုင်မှသာ လုပ်ငန်းက ကောင်းမွန်စွာ လည်ပတ်နိုင်တာပါ။

ဒီပြဿနာအတွက်တော့ စိတ်မပူပါနဲ့။ လူကြီးမင်းတို့အတွက် C/4 Hana ရှိပါတယ်။ C/4 Hana ရဲ့အဓိက လုပ်ဆောင်မှုကတော့ Data တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပြီးတော့ အချိန်မရွေး၊ Device မရွေး၊ Department အားလုံးက တူညီတဲ့ Data/ Information ကိုရယူနိုင်တာပဲဖြစ်ပါတယ်။

C/4 Hana မှာ Centralized Data လို့ခေါ်ရလောက်အောင် Customer တွေရဲ့ Data တွေအကုန်လုံး တနေရာတည်းမှာ စုစည်းပေးထားပါတယ်။ ဥပမာအားဖြင့် Customer တစ်ယောက်ကို Marketing ဆင်းရာကနေပြီး ချေးငွေပေးခြင်း၊ ချေးငွေဆပ်ခြင်းအထိ လိုအပ်တဲ့ Data တွေကို အချိန်ကာလကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါ့အပြင် Marketing Department ကထည့်သွင်းပေးလိုက်တဲ့ Customer ရဲ့ Information ကို Operation ပိုင်းကလည်း ရရှိတဲ့အတွက် Misinformation/ Information Gap မဖြစ်ပေါ်စေဘဲ လုပ်ငန်းကို ကောင်းမွန်စွာလည်ပတ်စေပါတယ်။

ဒီလိုအရေးပါတဲ့ Customer Data တွေကို Analysis လုပ်နိုင်တဲ့ Function လည်း C/4 Hana မှာပါဝင်ပါတယ်။ Marketing Department အတွက်ဆိုရင် ဒီလအတွက် ဘယ်လုပ်ငန်းတွေကို Email Marketing ပြုလုပ်ထားပြီး ဘယ်လုပ်ငန်းတွေကတော့ စိတ်ဝင်စားတဲ့ Reply Email ရတယ်၊ ဘယ်လုပ်ငန်းတွေကတော့ Reply မရသေးဘူးဆိုတာ အလွယ်တကူသိရှိနိုင်ပြီး အလားအလာရှိတဲ့ Customer တွေကို Follow Up လိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ လက်ရှိ Customer Data Analysis ကိုကြည့်ရှုပြီး Campaign Idea တွေကိုစဉ်းစားနိုင်သလို Target Customer ကိုပြန်လည်သတ်မှတ်နိုင်ပါတယ်။ Operation ပိုင်းမှာဆိုရင်လည်း တစ်လချင်းစီအတွက် လကုန်မှာ ချေးငွေပြန်လည်ပေးဆပ်ရမယ့် Customer စာရင်းကို သူတို့ပေးဆောင်ရမယ့် ငွေကြေးနဲ့တကွ အတိအကျ သိရပါတယ်။ အဲလိုသိရှိရတဲ့အတွက် ကြွေးကျန် Customer များရှိခဲ့ရင်လည်း အချိန်မှီ ဆက်သွယ်ကာ လိုအပ်တဲ့ Action ယူနိုင်ပါတယ်။

Microfinance လုပ်ငန်းတွေရဲ့ အရေးကြီးဆုံးနဲ့ တာဝန်အကြီးဆုံးအပိုင်းက ချေးငွေရယူမယ့် Customer ရဲ့ ငွေရေးကြေးရေး အခြေအနေကို သေချာသိအောင်လုပ်ပြီး Data ထည့်သွင်းရတာပါ။ ပေးထားတဲ့ အချက်အလက်မှန်ကန်ကြောင်းအတည်ပြုပြီးမှာ ချေးငွေပေးသင့်၊ မပေးသင့် ဆုံးဖြတ်ရတာဖြစ်တဲ့အတွက် ဒီအပိုင်းမှာ Data အမှားအယွင်းဖြစ်တာ၊ Data Gap ဖြစ်တာမျိုးတွေ ဖြစ်လို့မရပါဘူး။ C/4 Hana Software ကဆိုရင် Device မျိုးစုံကနေ အသုံးပြုနိုင်တဲ့အတွက် ကွင်းဆင်းစစ်ဆေးရတဲ့ ဝန်ထမ်းတွေရဲ့ ဖုန်း၊ Tablet တွေကနေလည်း အချက်အလက်တွေကို ဖြည့်သွင်းလိုက်ရုံနဲ့ ရုံးထိုင် Operation Department ဝန်ထမ်းတွေက Data တွေကို ရရှိပြီး ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ လုပ်ငန်းက Financial Industryပိုင်းက လုပ်ငန်းတွေဆိုရင် C/4 Hana ကတော့ အသင့်တော်ဆုံး Software ပဲဖြစ်ပါတယ်။ C/4 Hana နဲ့ပတ်သတ်ပြီး မေးမြန်းစုံစမ်းချင်တာမျိုးတွေအတွက် ကျွန်တော်တို့ it4a ကအသင့်ရှိနေပါတယ်ခင်ဗျ။

𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
📩Email – contact@it4a.io
☎️Phone Number – 09-259179660
📍Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
#it4a#ERP#SAP#SAPC/4Hana #Microfinance