E-Commerce လုပ်ငန်းတစ်ခုကို C/4 Hana ကဘယ်လိုကူညီပေးနိုင်လဲ? အခုလို ဒီဂျစ်တယ်နည်းပညာတွေတိုးတက်လာတဲ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတော်တော်များများက E-Commerce အဖြစ်အသွင်ပြောင်းလာကြပါတယ်။ ဒီနေ့မှာတော့ E-Commerce လုပ်ငန်းများအတွက် C/4 Hana Service Cloud ရဲ့လုပ်ဆောင်ချက်များကို ရှင်းပြပေးချင်ပါတယ်ခင်ဗျ။

E-Commerce လုပ်ငန်းတွေ အပြိုင်အဆိုင်မှိုလိုပေါက်လာတာနဲ့အမျှ ပြိုင်ဘက်လုပ်ငန်းတွေထက် ပိုမိုကောင်းမွန်တဲ့ Service ပေးဖို့က လုပ်ငန်းတိုင်းအတွက် အရေးအကြီးဆုံးဖြစ်လာပါတယ်။ C/4 Hana Service Cloud ကိုအသုံးပြုခြင်းဖြင့် E-Commerce လုပ်ငန်းတွေရဲ့ Self Service, Assisted Service နဲ့ Field Service အစရှိတဲ့ Service ၃ခုလုံးကို Harmonized ဖြစ်စေပြီး Customer များကို ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်ပါတယ်။

ဥပမာအားဖြင့် Customer တစ်ယောက်က လူကြီးမင်းတို့ E-Commerce လုပ်ငန်းမှ တစ်စုံတစ်ခုကို ဝယ်ယူထားတယ်ဆိုပါစို့။ ပစ္စည်းရောက်ရန် ခန့်မှန်းကြာချိန်၊ ကျသင့်ငွေ အစရှိသည့် လိုအပ်သော အချက်အလက်များကို Self Service ပုံစံဖြင့် Website မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ တချိန်တည်းမှာပဲ Customer က အော်ဒါကို ပြန်လည်ပြင်ဆင်ချင်ရင် Call Centre ကိုဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။ အော်ဒါရရှိချိန်မှာလည်း အမှားအယွင်းရှိနေပါက ပစ္စည်းကိုပြန်လည်လဲလှယ်ရန် လုပ်ငန်းဘက်မှ Field Service လို့ခေါ်တဲ့ သွားရောက်လဲလှယ်ပေးရန် လူလွှတ်ပေးရပါတယ်။

C/4 Hana Service Cloud ကိုအသုံးပြုထားပါက Self Service, Assisted Service နဲ့ Field Service အစရှိတဲ့ အဆင့်၃ခုလုံးကို ချိတ်ဆက်ထားတဲ့အတွက် Information Gap ဖြစ်တာမျိုးမရှိဘဲ အချိန်နဲ့တပြေးညီ လျင်လျင်မြန်မြန် ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။ Self Service အနေနဲ့ Website ကိုလာရောက်မေးမြန်းထားတဲ့ Information ကို Call Centre ကရရှိသလို၊ Call Centre ကနေတဆင့် ပြန်လည်ပြင်ဆင်ထားတဲ့ အော်ဒါကို သွားရောက်ပို့ဆောင်ပေးမယ့် Delivery Team ကလည်းသိရှိပါတယ်။

သွားရောက်ပို့ဆောင်တဲ့ ပစ္စည်းမှာ Error ပါလို့ ပြန်လည်လဲလှယ်ပေးမည်ဆိုပါကလည်း C/4 Hana က Field Service သွားရောက်ပေးမည့် ဝန်ထမ်းတွေနဲ့လည်း ချိတ်ဆက်ထားသည့်အတွက် အနီးဆုံးလမ်းကြောင်းကို သိရှိပြီး အနီးဆုံးဝန်ထမ်းကို သွားရောက်ဝန်ဆောင်မှုပေးရန် စေခိုင်းနိုင်ပါတယ်။ ဒီလို မှန်ကန်တိကျတဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဌာနပေါင်းစုံက ရရှိတဲ့အတွက် Customer များကို အမှားယွင်းနည်းနည်းနဲ့ အကောင်းဆုံးသော Service ကိုပေးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ E-Commerce လုပ်ငန်းများအနေနဲ့ C/4 Hana နဲ့ပတ်သတ်ပြီး စုံစမ်းမေးမြန်းလိုပါက ကျွန်တော်တို့ it4a ကိုအချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email – contact@it4a.io
Phone Number – 09-259179660
Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
#it4a#ERP#SAP#SAPC/4Hana #Ecommerce