၁။ Customer Data များကို တစုတစည်းတည်း သိမ်းဆည်းထားနိုင်ခြင်း
ဥပမာ Hotel တစ်ခုကို Customer တစ်ဦးမှ လာရောက်တည်းခိုသည်ဆိုပါစို့။ ထို Customer ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ နေရပ်လိပ်စာနဲ့ မှတ်ပုံတင်မိတ္တူအစရှိတဲ့ Personal Information တွေကိုလုံခြုံစွာ မှတ်သားထားနိုင်ပါတယ်။ ဒါ့အပြင် အရင်က လာရောက်တည်းခိုဖူးပါကလည်း ထူးခြားဖြစ်စဉ်များ၊ အထူးတောင်းဆိုချက်များ (ဥပမာသတ်သတ်လွတ်သမားဖြစ်နေခြင်း) ကို ပြန်လည်ကြည့်ရှုနိုင်ပြီး အကောင်းဆုံးဝန်ဆောင်မှုများကိုပေးနိုင်ပါတယ်။
၂။ Cusomer တစ်ဦးချင်းစီ၏ လိုအပ်ချက်များအလိုက် customise service ပေးနိုင်ခြင်း
CRM ကိုအသုံးပြုခြင်းကြောင့် Customer တစ်ဦးချင်းစီရဲ့ လိုအပ်ချက်အသေးစိတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အပေါ်ကဥပမာကို ပြန်ကြည့်မယ်ဆိုရင် CRM ကိုအသုံးပြုပြီး သူသတ်သတ်လွတ်စားခြင်းကို ပြန်လည်သိနိုင်တဲ့အတွက် ဝန်ဆောင်မှုပေးရာမှာ မလိုလားအပ်တဲ့ ပြဿနာများကို အလွယ်တကူကျော်လွှားနိုင်ပြီး Customer ကို စိတ်ကျေနပ်မှုပိုမိုပေးစွမ်းနိုင်ပါတယ်။
၃။ Marketing Strategies နှင့်ပတ်သတ်၍လည်း အသုံးပြုနိုင်ခြင်း
CRM Software က သိမ်းစည်းပေးထားသော Customer များရဲ့ Data များကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့လုပ်ငန်းရဲ့ Marketing Campaign များ Strategies များကို ပိုမိုထိရောက်စေပါတယ်။
ယခုကဲ့သို့ Customer များကိုပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်သည့်အပြင် လုပ်ငန်းရဲ့ Marketing ပိုင်းတွင်လည်း အကျိုးသက်ရောက်မှုရှိတဲ့အတွက် CRM Software က လုပ်ငန်းတိုင်းအတွက် အရွေးချယ်သင့်ဆုံး Software ဖြစ်ပါတယ်။
ဒီလိုအရေးပါလှတဲ့ CRM Software အကြောင်းကို အသေးစိတ်သိရှိလိုပါက ကျွန်တော်တို့ it4a အချိန်မရွေးဆက်သွယ်နိုင်ပါတယ် ခင်ဗျ။
𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-Email – contact@it4a.io
Phone Number – 09-259179660
Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
#it4a#ERP#CRM#Capabilities
