ဒီနေ့မှာတော့ CRM အကြောင်းနဲ့ SAP Software မှရရှိနိုင်တဲ့ CRM Service အကြောင်းရှင်းပြပေးချင်ပါတယ်။
CRM ဆိုတာဘာလဲ
CRM ဆိုတာ Customer Relationship Management ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဓိကကတော့ Company နဲ့ Customer တွေကြားထဲက ဆက်ဆံရေးကို စီမံခန့်ခွဲပေးပါတယ်။ လုပ်ငန်းတစ်ခုအတွက် အဓိက လိုအပ်တဲ့ Customer data တွေကို စနစ်တကျ စုစည်းထိန်းသိမ်းပေးထားပြီး ဒီ Data တွေကိုပြန်လည် အသုံးပြုကာ ပိုမိုကောင်းမွန်တဲ့ Relation တစ်ခုကို တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် အလားအလာရှိတဲ့ Sales Leads တွေကို ရွေးချယ်ပေးပြီး Marketing ကိုအသုံးပြုကာ နောက်ဆုံးတကယ် ဝယ်ယူသွားတဲ့ အထိ အကူအညီပေးနိုင်ပါတယ်။
CRM နဲ့ပတ်သတ်ပြီး SAP Software မှာ SAP C/4 Hana ဆိုတဲ့ Software ရှိပါတယ်။ တခြား Software တွေထက်ထူးခြားချက်ကတော့ သူက Customer Journey တစ်ခုလုံးအတွက် အစမှ အဆုံးတိုင် Marketing, Sales နဲ့ Customer Relationship Management ၃ခုလုံးအတွက် Solutions ပေးနိုင်ပါတယ်။
SAP Commerce Cloud
SAP Commerce Cloud က လူကြီးမင်းတို့ Customers ရဲ့ Device ကို အခြေခံပြီး ပါဝင်လာဖို့ ကူညီပေးပါတယ်။ SAP ရဲ့ Products ထဲက တစ်ခုဖြစ်တဲ့ SAP Commerce Cloud က ပေးတဲ့ ခိုင်မာတဲ့အခြေခံက Customer တစ်ဦးတစ်ယောက်ချင်းရဲ့ experiences တွေသာမက သက်ဆိုင်ရာနယ်ပယ်ကိုပါ တိုးတက်ဖွံ့ဖြိုးစေခြင်းက Customers တွေကို နောက်တစ်ကြိမ် ပြန်လာစေပါတယ်။
SAP Marketing Cloud
SAP Marketing Cloud က တစ်နည်းအားဖြင့် Hybrid Marketing လို့လည်း ခေါ်နိုင်ပါတယ်။ အဲဒီ SAP Marketing Cloud က သုံးစွဲသူတွေရဲ့ အချက်အလက်အားလုံးကို စုစည်းပေးပြီး ဗဟိုကနေ Customers တစ်ဦးချင်းစီ နဲ့ အမည်မသိတဲ့ ဝင်ရောက်လာသူတွေရဲ့ အခြေအနေကို အရင်းခံတဲ့ သတင်းအချက်အလက်တွေပေးပါတယ်။ အဲဒီ အပြင် Marketing Channel တွေကို ထည့်မတွက်ပဲ Customer Journey တစ်ခုလုံးကို တစ်သတ်မတ်တည်းနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေကို ပေးပါတယ်။
SAP Customer Data Cloud
SAP Customer Data Cloud က လူကြီးမင်းတိုနဲ့ Customer ကြားက ယုံကြည်မှု ကိုပိုမိုရှင်သန်ကြီးထွားစေနိုင်တဲ့အပြင် တစ်ယောက်ချင်းစီရဲ့ မြင်လွယ်တဲ့ စာရင်းဇယားတွေကို ထိန်းချုပ်နိုင်ခြင်းကို အခြေခံပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ Customer Relationships ကိုပိုပြီး ယုံကြည်မှုမြင့်မားစေပါတယ်။
SAP Sales Cloud
SAP Sales Cloud က Organization နဲ့ Customers တွေကြားထဲက Customer Buying Journey လို့ခေါ်တဲ့ ဝယ်ယူသူတွေရဲ့ ကုန်ပစ္စည်းတစ်ခုကို စတင်တွေ့ရှိခြင်းမှ စတင်၍ နောက်ဆုံး ဝယ်ယူပြီး After Sales Service ထိတစ်ခုလုံးကို ချိတ်ဆက်ကာ လွယ်ကူချောမွေ့စေရန် ကူညီပေးပါတယ်။ လူကြီးမင်းတို့ရဲ့ ရောင်းရဖို့ အလားအလာရှိတဲ့ အခြေအနေကနေ နောက်ဆုံး အမှန်တကယ်ရောင်းချရပြီး ငွေပေးချေတဲ့ အဆင့်ထိရောက်အောင် Incentive optimization တွေ၊ ရောင်းချခြင်းဆိုင်ရာ လမ်းညွှန်မှုတွေနဲ့ သင်ယူခြင်းဆိုင်ရာ အကြံပြုချက်များကို အသုံးချပြီး Sales Team ရဲ့အချိန်များကို Best Deals တွေပေါ်မှာသာ ထိရောက်စွာ အသုံးချနိုင်ရန် ကူညီပေးပါတယ်။
SAP Service Cloud
SAP Service Cloud သည် Customer များအားသူတို့၏ Customer Buying Journey တစ်လျှောက်လုံး ချောမွေ့စေရန် ကူညီပေးပါတယ်။ အဲဒီအပြင် Front-office ၏ထိတွေ့ဆက်ဆံမှုများနှင့် Back-office ၏လုပ်ငန်းစဉ်များအကြား ကွာဟချက်ကို ပေါင်းကူးပေးပြီး နောက်မျိုးဆက်သစ်ဖြစ်တဲ့ ကိုယ်တိုင်ဝန်ဆောင်မှု ထိကိုပေးပါတယ်။
အခုလိုမျိုး SAP C/4 Hana အကြောင်းအသေးစိတ်သိချင်ရင်တော့ it4a ကို အခုပဲ ဆက်သွယ်ပြီး သိလိုသမျှကို မေးမြန်းလိုက်ပါ။ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်တော်တို့ it4a မှအသင့်စောင့်ကြိုနေပါတယ်။
𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-Email – info@it4a.io
Phone Number – 09-259179660
Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
#it4a#ERP#SAP#CRM
