ဒီနေ့မှာတော့ Bank လုပ်ငန်းတွေမှာအရေးပါတဲ့ Anti Money Laundering ဆိုတဲ့ AML module လေးအကြောင်းကို မျှဝေပေးချင်ပါတယ်။ Money Laundering ဆိုတာကတော့ ငွေမဲကနေ ငွေဖြူပြောင်းလဲတာကို ဆိုလိုပါတယ်။ တရားမဝင်လုပ်ငန်းတွေကနေ ရရှိလာတဲ့ ငွေမဲတွေကို တရားဝင်လုပ်ငန်းတွေကနေ ရရှိသယောင် ပြောင်းလဲခြင်းတွေပါဝင်ပါတယ်။ Bank တွေအနေနဲ့ ဒီလိုဖြစ်ရပ်တွေကိုကြုံတွေ့လာရပြီဆိုရင် Anti Money Laundering လို့ခေါ်တဲ့ ငွေမဲကနေ ငွေဖြူပြောင်းလဲခြင်းအတွက်ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေအရ လိုအပ်တဲ့အရေးယူမှုတွေကို ပြုလုပ်ရပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ အဓိကကတော့ မသင်္ကာစရာ ငွေလာအပ်/လာထုတ်တဲ့ Customer ကို နောက်ကြောင်း Trace လိုက်ရတာမျိုးကို လုပ်ဆောင်ရပါတယ်။ ပိုမိုလွယ်ကူစွာ Trace လိုက်နိုင်ဖို့အတွက် AML Module က ကူညီပေးနိုင်ပါတယ်။ လူကြီးမင်းတို့ လုပ်ငန်းအတွက် အရေးပါတဲ့ […]