SAP BO လို့ခေါ်တဲ့ SAP Business Objects BI က Business Intelligence (BI) ပလက်ဖောင်းများအတွက် Reporting နဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ Analytics Tools များကို စုစည်းပေးထားပါတယ်။ SAP BO မှာသုံးစွဲသူ (User) များအား အချက်အလက်များကိုရှာဖွေနိုင်ရန်၊ ခွဲခြမ်းစိတ်ဖြာမှု (Analysis) များပြုလုပ်နိုင်ရန် နဲ့ အစီရင်ခံစာ (Report) များကိုဖန်တီးနိုင်ရန် Application များစွာပါဝင်ပါတယ်။
BOBJ ဆိုတာ ယခင်က SAP Crystal Server ဆိုပြီး လူသိများခဲ့တဲ့ Reporting Tool- Old Version ကနေ နောက်ပိုင်းတွေမှာ New Version အနေနဲ့ SAP Business Objects BI ဆိုပီးဖြစ်လာ ပါတယ်။ဒီ Business Objects က Reporting Platform တွေ Visualization တွေအကုန်လုံးကို စုစည်းထားပီး တစ်နေရာထဲမှာ အလွယ်တကူရရှိနိုင်ပါတယ်။ ဒါ့အပြင် SAP Business Objects BI မှာ ယခင် SAP Crystal Sever ထက် Lumira Desktop Version တွေ၊ Design Studio တွေ၊ Web Intelligence တွေ ပိုပြီးများလာပါတယ်။
SAP Business Objects BI မှာ
(၁) SAP BusinessObjects BI, Edge Edition
(၂) SAP BusinessObjects BI Suite ဆိုပြီး ၂ မျိုးရှိပါတယ်။
SAP Business Objects BI, Edge Edition က Server 1 လုံးပေါ်မှာဘဲ Deploy ပြုလုပ်နိုင်ပေမယ့် BI suite ဟာဆိုရင် Server အများအပြားပေါ်မှာ Deploy ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် လုပ်နိုင်စွမ်းရည် (Scale Limit) သတ်မှတ်ထားခြင်းမရှိတဲ့အပြင်၊ Server ဘယ်နှစ်ခုမှာပဲဖြစ်ဖြစ် Users နဲ့ပဲ Control ပြုလုပ်ပီး အသုံးပြုနိုင်ပါတယ်။
Edge BI solution မှာဆိုရင် Suite တစ်ခုထဲမှာ Insights အားလုံးကို တစ်ခါထဲမြင်နိုင်ပါတယ်။ ဒါ့အပြင် SAP Edge BI ကို အသုံးပြုပီး Report ၁ခုထုတ်မယ်ဆိုရင် အဆင့် ၃ဆင့် ရှိပါတယ်။
– ပထမဆုံးအဆင့်ကတော့ Self-Service Discovery ကို Customers တွေရဲ့ Business Area ပေါ်မူတည်ပီးတော့ Discover လုပ်ပေးပါတယ်။ဒါ့အပြင် လုပ်ငန်းမှာလိုအပ်တဲ့ Data တွေကိုပါ Adapt လုပ်နိုင်ပါတယ်။
– ဒုတိယအဆင့်အနေနဲ့ Dashboards and Apps တွေကို Deliver လုပ်ပေးပါတယ်။ Business Value အတွက်အရေးကြီးတဲ့ Key Performance Indicators (KPI) တွေကိုလည်း နောက်ကြောင်း Track လိုက်နိုင်ပြီးတော့ နောက်ဆုံး Data တွေကိုပါ Summary အဖြစ်ထုတ်ပေးနိုင်ပါတယ်။
– နောက်ဆုံးအဆင့် အနေနဲ့ Multi Source Data တွေကနေရလာတာတွေကို အကုန်စုပီးတော့ Reporting ထုတ်ပေးပါတယ်။
Data Discovery & Analysis မှာဆိုရင် SAP ရဲ့ Lumira Design Studio Apps တွေကို အခြေခံပြီးသုံးထားပါတယ်။ Dashboards & Apps တွေအတွက်ဆိုရင် Design Studio ကိုသုံးထားပါတယ်။
Office integration တွေအတွက်လဲအသုံးပြုလို့ရပါတယ်။ Reporting မှာဆိုရင် Crystal Reports အတွက်သာမကဘဲ Web Intelligence ထိပါ အသုံးပြုလို့ရပါတယ်။
အပေါ်မှာပြောပြထားတဲ့ Function တွေအကုန်လုံးက Business Objects BI Solutions မှာအကုန်ပါ ပါတယ်။ စျေးနှုန်းအရကြည့်မယ်ဆိုရင်လဲ Crystal Report 1 ခုထဲရဲ့ စျေးနှုန်းနဲ့အတူတူပါပဲ။
ဒါ့အပြင် Interoperability, လုံခြုံရေး Security ပိုင်းဆိုင်ရာနဲ့ လုပ်နိုင်စွမ်း Scalability အကုန်လုံး အားသာလာပါတယ်။ဒါ့အပြင် အရင်ကဆိုရင် Crystal Report က Server တစ်ခု၊ Business Objects က Server တစ်ခု၊ Designer က Server တစ်ခု အနေနဲ့ အကုန်လုံးက ကွဲနေပင်မယ့် အခုဆိုရင် Data Discovery၊ Dashboard & App တို့အပြင် Reporting ရောက Server ၁ခုထဲမှာပဲ အကုန်အပီးအစီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီလို ကုန်ကျစရိတ်သက်သာပြီး ယခင်ထက်ပိုမိုကောင်းမွန်တဲ့ SAP Business Objects BI ကိုအသုံးပြုဖို့ ကျွန်တော်တို့ it4a ကိုအချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျ။
𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email – contact@it4a.io
Phone Number – 09-259179660
Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
#it4a #SAP #BusinessObjects #BI #BOBJ
