ဒီနေ့လေးမှာတော့ Insurance Industry တွေမှာ
SAP C/4 Hana ရဲ့ Cloud ၅ခုက ဘယ်လိုအထောက်အကူဖြစ်စေလဲဆိုတာ ပြောပြပေးသွားပါမှာ ဖြစ်ပါတယ်ခင်ဗျာ။

SAP C/4 Hana မှာဆိုရင် –
၁။ SAP Marketing Cloud
၂။ SAP Commerce Cloud
၃။ SAP Sales Cloud
၄။ SAP Service Cloud
၅။ SAP Customer Data Cloud စတဲ့ Cloud ၅ခု ရှိပါတယ်။ သူတို့ တစ်ခုချင်းစီဟာဆိုရင် Insurance Company တွေအတွက် Customer Journey တလျှောက်လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပေးနိုင်ပြီး အောင်မြင်တဲ့ Sales ရရှိအောင် ကူညီပေးနိုင်ပါတယ်။

ဥပမာအားဖြင့်-
၁။ SAP Marketing Cloud မှာဆိုရင် Customer Profiling လုပ်ပေးပြီး Target Customer တွေကို သတ်မှတ်နိုင်တဲ့ အတွက်လူကြီးမင်းတို့ ပြုလုပ်မယ့် Marketing Activities တွေကို ပိုမိုထိရောက်စေပါတယ်။ ဒါ့အပြင် လူကြီးမင်းတို့ပြုလုပ်ခဲ့သော Marketing Activities တွေ ဥပမာအားဖြင့် ကြော်ညာတွေ၊ Promotion Campaign တွေကိုလည်း Tracking လိုက်နိုင်တဲ့အပြင် ရည်ရွယ်ထားတဲ့ Target Customer တွေအပေါ် ဘယ်လောက်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာ လေ့လာနိုင်ပါတယ်။ တနည်းအားဖြင့် Marketing Activities တွေအောင်မြင်မှု ရှိ/မရှိကို SAP Marketing Cloud မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်။

၂။ SAP Commerce Cloud မှာတော့ Insurance Company တွေအနေနဲ့ ရရှိနိုင်တဲ့ Product တွေ Service တွေကို Catalog ပုံစံဖြင့် ဖော်ပြနိုင်ပြီး Customer တွေက ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို လွယ်ကူရိုးရှင်းသော Catalog များကိုဖန်တီးထားသောကြောင့် B2B အပြင် B2C Sales ကိုပါ တိုးတက်စေပါတယ်။

၃။ SAP Sales Cloud ဟာဆိုရင် လူကြီးမင်းတို့ Insurance Company ရဲ့ ရရှိနိုင်တဲ့ Product/ Service တွေကို Customer များမှအလွယ်တကူကြည့်ရှုနိုင်အောင် ဖန်တီးပေးပါတယ်။ ဒါ့အပြင် Customer တွေရဲ့ Information တွေကိုလည်း တနေရာတည်းတွင် စုစည်းပေးထားပြီး Sales Team ဘက်မှပြန်လည်ရယူနိုင်တဲ့အတွက် အနာဂတ် Marketing Activities အစီအစဉ်များအတွက် လိုအပ်တဲ့ Customer data များကို ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၄။ SAP Service Cloud မှာ After-sale Service နဲ့ပတ်သတ်ပြီး AI chatbot/Call Centre တို့အပြင် On-site field Service သွားပေးသောဝန်ထမ်းများနှင့်ပါ ချိတ်ဆက်ထားပေးတာကြောင့် လိုအပ်တဲ့ Customer Information တွေကိုအလွယ်တကူရရှိစေပါတယ်။ ဥပမာအားဖြင့် Customer တစ်ဦးမှ Accident တစ်ခုကြောင့် အာမခံကြေးနဲ့ ပတ်သတ်ပြီး Call Centre ဒါမှမဟုတ် Page Chatbot မှတဆင့် ဆက်သွယ်လာပါက အနီးဆုံးမှာရှိနေသော On-site ဝန်ထမ်းကို သွားရောက်စေခိုင်းနိုင်တဲ့အပြင် အဆိုပါ Customer ရဲ့ Information ကိုပါ ထိုဝန်ထမ်းရဲ့ ဖုန်း ဒါမှမဟုတ် Tablet မှတဆင့် အလွယ်တကူ သိရှိနိုင်ပြီး သွားရောက်ကူညီပေးနိုင်ပါတယ်။

၅။ SAP Customer Data Cloud မှာတော့ Marketing Cloud/ Sales Cloud အစရှိတဲ့ Cloud တွေကနေရရှိတဲ့ Customer Data တွေကို တစ်နေရာတည်းမှာ တစုတစည်းထဲ သိမ်းဆည်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် လူကြီးမင်းတို့ Website ကိုဝင်ရောက်ကြည့်ရှုသွားသော လူများကိုပါ Potential Customer များအဖြစ်သိရှိနိုင်သည့်အပြင် ရှာဖွေမှုများသော၊ စိတ်ဝင်စားမှုများသော Product/Service များကိုပါသိရှိနိုင်တဲ့အတွက် နောက်ပိုင်းတွင် ထို Product/Service များကို အဓိကထားပြီး Marketing Activities များတွင် Retargeting လုပ်ကာ အသုံးချနိုင်ပါသည်။ ထိုကဲ့သို့ Insurance Company များအတွက် Lead to Cash Process တစ်ခုအနေနဲ့ အသုံးပြုနိုင်တဲ့ SAP C/4 Hana အကြောင်း အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ကျွန်တော်တို့ it4a ကိုဆက်သွယ်လိုက်ပါခင်ဗျ။
it4a ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email – contact@it4a.io
Phone Number – 09-259179660
Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

#it4a#ERP#SAP#SAPC/4Hana #Insurance