လုပ်ငန်းတစ်ခုရဲ့ Finance ပိုင်းကို CFO တစ်ယောက်အနေဖြင့် ဘယ်လိုနည်းပညာတွေကိုအသုံးပြုပြီး ကိုင်တွယ်နိုင်မလဲ?

ယခုခေတ် လုပ်ငန်းအများစုက နည်းပညာဆိုင်ရာပြဿနာတွေတွေ့ကြုံနေကြရပါတယ်။ ဒီပြဿနာတွေက မလိုလားအပ်တဲ့ကုန်ကျစရိတ်တွေ (Hidden Costs) တွေကိုဖြစ်စေပြီး လုပ်ငန်းရဲ့ဝင်ငွေကိုလည်းထိခိုက်စေပါတယ်။

ပထမဆုံးအခက်အခဲကတော့ Scattered Information လို့ခေါ်တဲ့ Data တွေ၊ Information တွေပြန့်ကျဲနေခြင်းပါ။ Information တွေစုစုစည်းစည်းမရှိဘဲ ဟိုရောက်ဒီရောက်ဖြစ်နေပြီး လိုအပ်တဲ့အခါမှာ အလွယ်တကူပြန်ရှာလို့မရခြင်းက လုပ်ငန်းတိုးတက်မှုကိုအကြီးအကျယ်ထိခိုက်စေပါတယ်။

ဒုတိယအခက်အခဲကတော့ Batch Orientation ပါ။ လုပ်ငန်းလည်ပတ်မှုမှာအရေးပါတဲ့ သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ (Real Time) အနေနဲ့ မရရှိဘဲ မကြာခဏ နောက်ဆုံးရသတင်းအချက်အလက် (Update Information) များကို ပြန်လည်ထည့်သွင်းရတဲ့ (Repeatedly Manual) ပုံစံဖြင့် လည်ပတ်နေရပါတယ်။ ဒီလိုလည်ပတ်နေရတဲ့အတွက် သတင်းအချက်အလက်တွေက နာရီပိုင်း/ ရက်ပိုင်းနောက်ကျပြီးမှ Update Information ရတာမျိုး၊ တခါတလေ လနဲ့ချီပြီး Update Information မဝင်တာမျိုးဖြစ်တတ်ပါတယ်။ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ လွယ်လွယ်ကူကူလျင်လျင်မြန်မြန် မရရှိခြင်းက လုပ်ငန်းလည်ပတ်မှုကို များစွာအနှောင့်အယှက်ဖြစ်စေပါတယ်။

တတိယပြဿနာကတော့ Technology Limitation ပါ။ တစ်ချို့ Technologies တွေက Browser မှာပဲအသုံးပြုနိုင်ပြီး Phone or mobile မှာ အသုံးမပြုနိုင်တာမျိုး၊ ဒါမှမဟုတ် Main Frame မှာသာ အသုံးပြုနိုင်တာမျိုး အစရှိတဲ့ ကန့်သတ်ချက်တွေရှိတတ်ပါတယ်။ ဒီလို Technologies ကို အကန့်အသတ်နဲ့ အသုံးပြုနေရတဲ့အတွက် လုပ်ငန်းက မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။

ဒါဆို SAP ရဲ့ S/4HANA Solutions က ဒီပြဿနာတွေ ကြုံတွေ့နေရတဲ့လုပ်ငန်းတွေကို ဘယ်လိုမျိုး ကူညီနိုင်မလဲ?

S/4HANA Solutions ကိုအသုံးပြုခြင်းဖြင့်-

Single Source of Truth: Data တွေ Information တွေ အားလုံးကို Source တစ်ခုထဲကနေ Manage လုပ်ပေးပါတယ်။ ဒီလိုတစ်နေရာထဲမှာ Data တွေ Information တွေအားလုံးကို သိမ်းဆည်းထားတဲ့အတွက် မလိုအပ်ဘဲ Data ထပ်နေတာမျိုး/ ပြန့်ကျဲနေတာမျိုး မဖြစ်တော့ဘဲ လိုအပ်တဲ့အချိန်မှာ လွယ်လွယ်ကူကူရှာဖွေနိုင်မှာဖြစ်ပါတယ်။

Integrated Processes: မူလက တကွဲတပြားစီဖြစ်နေတဲ့ Process တွေအကုန်လုံးကို Single Integrated Process အဖြစ် တစုတစည်းထဲဖြစ်သွားစေပါတယ်။ အဲလို တစုတစည်းတည်းဖြစ်သွားတဲ့အတွက် Batch Process တွေကို မလိုအပ်တော့ဘဲ Data တွေကို အချိန်မရွေး အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Batch Processing တင်မကဘဲ S/4HANA နဲ့ မည်သည့် Core-Banking ကိုမဆို Integrated လဲ ပြုလုပ်နိုင်ပါတယ်။

Multi-dimensional Charts of Accounts – စာရင်းဇယားတွေနဲ့ပတ်သတ်ပြီးတော့လဲ လွယ်လွယ်ကူကူကြည့်ရှုနိုင်အောင် S/4HANA က အကူအညီပေးနိုင်ပါတယ်။

Company တွေအနေနဲ့ SAP S/4HANA ကိုအသုံးပြုခြင်းဖြင့် အထက်ပါ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းအတွက် Cost-Saving ဖြစ်စေပြီး Profit လည်းတိုးပွားလာမှာအသေအချာပါပဲ ခင်ဗျာ။

အခုလို လုပ်ငန်းအတွက် အဖက်ဖက်က အကျိုးများတဲ့ SAP S/4HANA ကို လူကြီးမင်းတို့ Company အတွက် အသုံးပြုချင်တယ်ဆိုရင် ကျွန်တော်တို့ it4a ကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ် ခင်ဗျ။
𝗶𝘁𝟰𝗮 ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့-
Email – contact@it4a.io
Phone Number – 09-259179660
Address – Room 602, Building 14, MICT Park, Yangon တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တဲ့အပြင် it4a ရဲ့ Official Website ဖြစ်တဲ့ https://it4a.io/ မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
#it4a#ERP#SAP#S/4HANA #Bank